Road to Korea for Myanmar Workers
Would you like to react to this message? Create an account in a few clicks or log in to continue.

EPS ဆိုတာ ဘာလဲ?

Go down

EPS ဆိုတာ ဘာလဲ? Empty EPS ဆိုတာ ဘာလဲ?

Post  Admin Mon Nov 10, 2008 7:06 pm

EPS ဆိုတာက အလုပ်လုပ်ကိုင်ခွင့် စနစ် (Employment Permit System) ကို အတိုကောက် ခေါ်ဝေါ် သုံးစွဲ ထားတာဖြစ်ပါတယ်။ EPS ဟာ နှစ်နိုင်ငံအပြန်အလှန် နားလည်မှူ စာချွှန်လွှာ (MOU) အရ ကိုရီးယားကို လာရောက်အလုပ်လုပ်ကိုင်ကြမယ့်  နိုင်ငံခြား အလုပ်သမားများအတွက် လုပ်ထုံးလုပ်နည်းတွေ ပါဝင်ရေးဆွဲ ထားတဲ့ စနစ်တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံခြား လုပ်သားတစ်ဦးအနေနဲ့  ကိုရီးယားအလုပ်ရှင် တစ်ဦးဦးနဲ့  အလုပ် စာချုပ်တစ်ရပ် ချုပ်ဆိုပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများအရ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။

What is EPS ... ?

Procedure of Employment Permit System

Employment Permit System consists of the general procedure under which foreign workerts of an MOU country enters Korea after signing a labor contract with a Korean employer and Special Employment System under which ethnic Koreans can be employed in service and construction industry.

EPS စနစ်အတွက် KLT မှတ်ပုံတင်ခြင်း


မှတ်ပုံတင်ခြင်း ကိစ္စများကို ရွှေအင်းဝ ၀န်ဆောင်မှုအေဂျင်စီက လက်ခံဆောင်ရွက် ပေးပါတယ်။ သတ်မှတ်ကာလအတွင်း လျှောက်လွှာတွေကို လက်ခံပေးနေပါတယ်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံတွင် ကိုရီးယား EPS စနစ်စတင်ခဲ့တာကြောင့် စိတ်ဝင်စားသူ တွေ လျှောက်လွှာ တင်ခဲ့ ကြပါတယ်။ အဲဒီလျှောက်လွှာရှင်တွေဟာ KLT (Korean Language Test) ခေါ် ကိုရီးယားဘာသာ စစ်ဆေးမှူုအတွက် စာရင်း ပေးအဆင့် မှာရှိနေပါတယ်။


ကိုရီးယားဘာသာ စစ်ဆေးခြင်း (KLT)

၁။ စစ်ဆေးမှုအပိုင်း (၂) ပိုင်းရှိပါတယ်။

နားထောင် မှူု စွမ်းရည်စစ်ဆေးခြင်းနဲ့  စာဖတ်စွမ်းရည် စစ်ဆေးခြင်းတို့ ဖြစ်ပါတယ်။

တစ်ပိုင်းစီမှာ မေးခွန်း ၂၅ ခုစီ ပါဝင်ပါတယ်။ မေးခွန်းတွေဟာ အဓိကအားဖြင့်  ကိုရီးယားလူနေမှူအဖွဲ့ အစည်းနဲ့  လုပ်ငန်းပိုင်းဆိုင်ရာ အခြေခံတွေကို သိရှိနားလည် သဘောပေါက်မှူအတွက် ရည်ရွယ်တယ်လို့  ဆိုပါတယ်။ KLT စာမေးပွဲ ဖြေရန်အတွက် တက်ရောက်ရမည့်  ကိုရီးယားဘာသာ သီးသန့် သင်တန်းများ၊ Certificates များ၊ သတ်မှတ်ထားခြင်း မရှိပါဘူး။ မိမိဘာသာ သင်ယူလေ့ ကျင့်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စကားပြောသင်တန်းများစွာက ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

EPS- KLT မှတ်ပုံတင် စီမံဆောင်ရွက်ခြင်း

၂။ KLT မှတ်ပုံတင် အရည်အချင်းမီသူတွေကိုသာ ရွှေအင်းဝ ၀န်ဆောင်မှူရုံးက EPS (KLT) မှတ်ပုံတင်ခြင်းကို လက်ခံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လျှောက်ထားသူဟာ KLT စာမေးပွဲကြေး အမေရိကန်ဒေါ်လာ (၁၇) ညီမျှတဲ့ မြန်မာငွေ ပေးသွင်းရမှာ ဖြစ်ပါတယ်။

EPS – KLT ကို ယခင်ကနိုင်ငံတကာ ကိုရီးယားဘာသာစကား ဖောင်ဒေးရှင်း (International Korean Language Foundation – IKLF) ကဆောင်ရွက်ပြီးယခုအခါ Korea (HRD) ကစီမံခန့် ခွဲ ဆောင်ရွက်ပေးပါတယ်။ ဒီအဖွဲ့ ဟာ ကိုရီးယား အလုပ်သမား ၀န်ကြီးဌာနက မြန်မာနိုင်ငံအတွက် တာဝန်ပေးထားတဲ့ လုပ်ငန်းတစ်ခုလဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ က KLT ကိစ္စ တွေဖြစ်တဲ့ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ကြေညာတာ၊ စစ်ဆေးတာနဲ့  အောင်စာရင်း ထုတ်ပြန်တာတွေကို ဆောင်ရွက်ပါတယ်။ ရွှေအင်းဝက ဒီအဖွဲ့ ရဲ့  လိုအပ်တာတွေကို ပါဝင် ကူညီ ပံ့ပိုးပေးပါတယ်။

၃။ မှတ်ပုံတင်ရန်နဲ့  စာမေးပွဲစစ်ဆေးမယ့်အချိန်စာရင်းကို သတင်းစာတွေမှာ ကြေညာရပါတယ်။

Admin
Admin

Posts : 13
Join date : 2008-11-06

https://roadtokoreaeps.board-directory.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum