Road to Korea for Myanmar Workers
Would you like to react to this message? Create an account in a few clicks or log in to continue.

လုပ်ငန်းခွင်လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များ။

Go down

လုပ်ငန်းခွင်လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များ။ Empty လုပ်ငန်းခွင်လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များ။

Post  Admin Thu Nov 20, 2008 8:53 pm

ကိုရီးယားစကားနှင့် ကိုရီးယားဓလေ့သဘာဝကို ကောင်းစွာနားမလည်သော ရွှေ့ပြောင်း အလုပ်သမားများသည် လုပ်ငန်းခွင်တွင်း ဖြစ်ပွားလေ့ရှိသော အန္တရာယ်အမျိုးမျိုးတို့နှင့် အကာအကွယ်မဲ့တွေ့ကြုံဖို့ရန် အထူး လွယ်ကူ လှပေသည်။ ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်ကိုင်လေ့ရှိကြသည့် လုပ်ငန်းများမှာ အသေးစားလုပ်ငန်းများ၊ ညစ်ပတ်၊ ပင်ပန်း၊ အန္တရာယ်များလှသည့် လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်နိုင်ခြေနည်းသော လုပ်ငန်းများ နှင့် ပတ်ဝန်း ကျင်အား ညစ်ညမ်းစေသော လုပ်ငန်းများ ဖြစ်ကြခြင်းသည် လုပ်ငန်းခွင်တွင်း ထိခိုက် ဒဏ်ရာရစေနှုန်းအား ပိုမို မြင့်မားစေပါသည်။
အဆိုပါ လုပ်ငန်းများတွင် လုံခြုံစွာ အလုပ်လုပ်ကိုင်စေနိုင်ရန်အတွက် လိုအပ်သော လုံခြုံ ရေးကိရိယာတပ်ဆင်မှုများ၊ လုပ်ငန်းခွင်တွင်း အခြေအနေ ကောင်းမွန် တိုးတက်ဖို့ရန် ကြိုးပမ်းမှုများစသည်တို့ မရှိကြချေ။ ထို့ပြင် အလုပ်စေခိုင်းခြင်းမပြုမီ လုပ်ငန်းခွင် လုံခြုံရေးသင်တန်းများအား အပြည့်အ၀ ပြုလုပ်ပေးခြင်းလည်း မရှိ၊ လုံခြုံစွာ အလုပ်လုပ်ကိုင်စေနိုင်ရန်အတွက် လိုအပ်သော ကိုရီးယားဘာသာစကား အားလည်း လုံလောက်စွာ သင်ကြားပေးခြင်းလည်း မရှိကြချေ။
အလုပ်သင် သင်တန်းသားစနစ်နှင့် အလုပ်သမားအသုံးပြုခွင့်စနစ်ဖြင့် ၀င်ရောက်လာကြသူများအား ၃ရက်တာ ကိုရီးယားစကားပြော သင်တန်းပေးကာ လုပ်ငန်းခွင်တွင်း ၀င်ရောက်အလုပ်လုပ်ကိုင်စေသည်။ အထောက်အထားမဲ့ အလုပ်သမားများအနေနှင့်မူ မည်သည့် သင်တန်းမျိုးအား သင်ယူနိုင်ခြင်းမရှိပဲ ၀င်ရောက် အလုပ်လုပ် ကိုင်ကြရလေသည်။
ထိုသို့သော အနေအထားများကြောင့် ရွှေ့ပြောင်းအလုပ်သမားတို့အနေနှင့် လုပ်ငန်းခွင် လုံခြုံမှုအတွက် သတိပြုမှုများ မဖြစ်နိုင်ပဲ လုပ်ငန်းခွင်တွင်း ထိခိုက်မှုများကိုသာ ကြုံတွေ့နေကြရလေသည်။
ထိုသို့ဆိုလျှင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်တွင်း ထိခိုက်မှုများ လျော့နည်းစေပြီး လုံခြုံကျန်းမာစွာ အလုပ်လုပ်ကိုင်စေနိုင်မည့် နည်းလမ်းများမှာ မည်သည့်အရာများ ဖြစ်ပါသနည်း?

ပထမ။ လုပ်ငန်းခွင်တွင်း အခြေအနေ တိုးတက် ကောင်းမွန်ရပေမည်။
(၁) စက်ပစ္စည်းများတွင် လုံခြုံရေးကိရိယာများ တပ်ဆင်ထားရှိကာ လိုအပ်သည့် အကာအကွယ်ပေးပစ္စည်းများအား ၀တ်ဆင်နိုင်ရန် ပြုလုပ်ပေးရမည်။
(၂) အန္တရာယ်ရှိနိုင်သည့် အရာများနှင့် သက်ဆိုင်သည့် ထိမ်းသိမ်းမှု၊ ညွှန်ကြားမှုများ ပြုလုပ်ကာ အမှုန်များ၊ ဆူညံသံများကြောင့် လုံခြုံမှုမဲ့သော လုပ်ငန်းခွင်တွင်း အခြေအနေများကိုလည်း တိုးတက်စေရမည်။
(၃)အလုပ်ချိန် အလွန်အမင်း ရှည်လျားခြင်းမရှိစေပဲ လုံလောက်သော အနားယူခြင်းအား ခွင့်ပြုကာ အလုပ်ချိန်ကိုလည်း လျော့ချပေးရမည်။

ဒုတိယ။ လုပ်ငန်းခွင်လုံခြုံစေမှုသင်တန်းအား လုံလောက်စွာ သင်ကြားပေးကာ အလုပ်သမား၏ လုံခြုံရေးဆိုင်ရာအသိကို မြှင့်တင်ပေးရမည်။
(၁) လုပ်ငန်း၏ အန္တရာယ်ရှိနိုင်မှု အခြေအနေပေါ်လိုက်၍ အဆင်ပြေစွာ လုပ်ကိုင်နိုင်မှုရှိစေရန်အတွက် ပုံမှန်အချိန် သတ်မှတ်ပေးပြီး အလုပ်သမားအနေဖြင့် အလုပ်နှင့် အသားတကျဖြစ်အောင် ပြုလုပ်ပေးရမည်။
(၂) ကိုရီးယားနိုင်ငံတွင်း မ၀င်ရောက်မီ မိခင်နိုင်ငံတွင်း သင်ယူကြသော သင်တန်းများတွင် လုပ်ငန်း ခွင်လုံခြုံရေးဆိုင်ရာသင်တန်းအား ကောင်းစွာ သင်ယူနိုင်စေရန်အတွက် အလုပ်သမား တင်ပို့သည့်နိုင်ငံများနှင့် ညှိနှိုင်းပြီး ထိမ်းသိမ်းမှု၊ ညွှန်ကြားမှုများ ပြုလုပ်ပေးရန်လိုအပ်သည်။
(၃) ကိုရီးယားနိုင်ငံတွင်း ၀င်ရောက်ပြီးနောက် ၂ညနှင့်၃ရက်တာ လုပ်ငန်းခွင်ဆိုင်ရာ လေ့ကျင့်မှုသင်တန်းများတွင် လုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာသင်တန်းအား ၂နာရီသာ သင်ကြားပေးနေခြင်းအား သင်တန်းချိန်တိုးမြှင့်ပေးရန်လို အပ်သည်။
(၄) သက်ဆိုင်ရာ မိခင်ဘာသာစကားများဖြင့် သင်ယူနိုင်စေရန်အတွက် နိုင်ငံခြားသား သင်တန်းဆရာများအား မွေးထုတ်ပေးရမည်။

တတိယ။ အလုပ်ရှင် သို့မဟုတ် အထက်တာဝန်ရှိသူများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ၏ ဓလေ့စရိုက်များအား နားလည်မှုပေးစေနိုင်သော သင်တန်းများအား ပြုလုပ်ပေးရန် လိုအပ် သည်။
(၁)လုပ်ငန်းခွင်လုံခြုံမှုဆိုင်ရာဥပဒေတွင် ပါရှိသည့်အတိုင်း အထက်တာဝန်ရှိသူများအနေဖြင့် နှစ်စဉ် ၁၆နာရီကြာ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ မသင်မနေရသင်တန်းအား မဖြစ်မနေ သင်ယူကြစေရန် ကြပ်မတ်ပေးရမည်။
(၂) ရွှေ့ပြောင်းအလုပ်သမားများကို အသုံးပြုသည့် လုပ်ငန်းရှင်၊ အထက်တာဝန်ရှိသူများအား ရွှေ့ပြောင်းအလုပ်သမားများ၏ ဓလေ့သဘာဝများအား နားလည်မှုပေးနိုင်စေသည့် သင်တန်းနှင့် သင့်တင့်သော လုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာသင်တန်းအား သင်ကြားပေးရမည်။

စတုတ္ထ။ ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ အခြေခံစောင့်ရှောက်မှုများအား ပိုမို မြင့်တင်ပေးရမည်။
(၁) ကိုရီးယားနိုင်ငံတွင်း မ၀င်ရောက်မီနှင့် ၀င်ရောက်ပြီး ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျ ပြုလုပ်ပေးရမည်ဖြစ်ပြီး ရောဂါဟောင်းများသည် အလုပ်ကြောင့် ပိုမိုဆိုးဝါးလာနိုင်သဖြင့် ကြိုတင်စမ်းသပ်စစ်ဆေးကာ သင့်တင့်သည့် အလုပ် နေရာချထားပေးရမည်။
(၂) ရာသီဥတု၊ အစားအစာ၊ အဆင်မပြေသောနေရာ၊ အကျွမ်းမ၀င်သောအလုပ်၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု စသည်တို့ကြောင့် ကျန်းမာရေး ဆိုးဝါးစေသည့်အခါမျိုးတွင် လုပ်ငန်းခွင်တွင်း အလုပ်လုပ်ကိုင်ရာတွင်လည်း အဆင်မပြေဖြစ်ကာ ထိခိုက်ဒဏ်ရာရနိုင်ချေသည် မြင့်မားနိုင်သည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ထိမ်းသိမ်း စောင့်ရှောက်မှု၊ စားသောက်နေထိုင်မှုအဆင်ပြေစေမှုတို့အား အထူး အလေးပေးရန်လိုအပ်သည်။
http://burmainfokorea.blogspot.com/2008/11/blog-post_9051.html

Admin
Admin

Posts : 13
Join date : 2008-11-06

https://roadtokoreaeps.board-directory.net

Back to top Go down

Back to top


 
Permissions in this forum:
You cannot reply to topics in this forum